Sound and Frequencies (Hz)

SPL(dB) /  Watts နှင့် Frequency Ranges များကို ဆွေးနွေးတင်ပြပါမည်။

တော်တော်များများ အသံပိုင်းဆိုင်ရာသုံးစွဲနေသူများ အထင်မှားနေတဲ့ အယူအဆတစ်ခုက ဆောင်းဘောက်ဆို အသံကျယ်ရင် ကောင်းတယ် / အသံချဲ့ စက်ဆို watts များရင် ကောင်းတယ်။ တကယ့်အရေးကြီးတဲ့ အသံနဲ့ ပတ်သက်ရင် သွေဖယ်လို့ မရတဲ့ အချက် ၃ ခု ရှိပါတယ်။ SPL (Sound Pressure Level) အသံရဲ့ဖိအား / ထိုစပီကာ တစ်လုံးရဲ့ ခံနိုင်တဲ့ Watts နှင့် စပီကာ (Low / Mid-high) တို့ ရဲ့ ပေးရမယ့် ထွက်ရမယ့် Frequency (Hz) ကြိမ်နှုန်း အမှန်များဖြစ်ပါတယ်။ 

အသံတွင် အကြမ်းအားဖြင့် Low (Subwoofer မှ ထွက်တဲ့တုန်ခါသံ) / Mid (လူစကားပြောသံ / တူရိယာပစ္စည်းအချို့ အသံ) နှင့် High (ကြိမ်နှုန်းမြင့် စူးရှသော အသံ)ဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ လူတို့ ကြားနိုင်တဲ့ Frequency ကြိမ်နှုန်းသံများနှင့်ကိုက်ညီပါက လူတွေကြားနိုင်ပါတယ်။ လူတို့ မကြားနိုင်တဲ့ Frequency (ဥပမာ - Rader မှ ထွက်တဲ့ အသံလှိုင်း / လင်းနို့ မှ ထုတ်လွှတ်တဲ့ အသံလှိုင်း) သည် လူဧ။် နားမှ ဖမ်းယူနိုင်တဲ့ Frequency ကြိမ်နှုန်း နှင့် မကိုက်ညီတဲ့အတွက် အသံရှိသော်လည်း မကြားနိုင်ပါ။ ထို့ အတူ လူနှင့်အရင်းနှီးဆုံး အိမ်မွေး တိရိစ္တာန်ဖြစ်သည့် ခွေးများ အရေးပေါ်လူနာတင်ယဉ်ဧ။် ဥသြစွဲသံကို ကြားပါက အူ ခြင်းမှာ ထိုအသံ Frequency ကို မခံနိုင်၍ ဖြစ်ပါသည်။ လူတို့ အတွက်က တော့ အချက်ပေးသံအနေဖြင့် မှတ်ယူ၍ အဆင်ပြေပါသည်။ လူရဲ့နားက အသံရဲ့ Volume ကို ကြားတာမဟုတ်ပါဘူး အသံရဲ့ ဖိအား SPL ကိုကြားတာပါ။ ဘယ်လို သိနိုင်လဲဆိုရင် စပီကာ နဲ့ နီးတဲ့ သူက စပီကာနဲ့ အဝေးမှာနေတဲ့သူထက် အသံကို ပိုကျယ်စွာကြားရလို့ ပါ။ အသံရဲ့ Volume ကတော့ အတူတူပါ။ အသံရဲ့ လာရာ ပင်ရင်းနဲ့ အကွာအဝေးပေါ်မူတည်ပြီး အကျယ်အတိုး ကြားရပါတယ်။ “main characteristics of a professional speaker is that it can produce more pressure with less volume”. ဒါပေမယ့် တစ်ခုသတိထားဖို့ က SPL (dB) များတိုင်း ကောင်းပြန်တာလဲမဟုတ်ပါဘူး။ ဖွင့်မည့် သီချင်းသံ / နားထောင်မည့်သူ အကွာအဝေး နှင့်ကိုက်ညီမည့် SPL (dB) ကို Frequency အမှန်နဲ့ ထုတ်ပေးနိုင်ရင် အသံထွက်လုံးဝ ကောင်းမွန်ပါပြီ။ အဲဒါကြောင့် မလို့ Audio ကျွမ်းကျင်ပညာရှင်ရဲ့ ချိန်တွယ်နိုင်စွမ်း နှင့် ချိန်တွယ်မည့် စက်များ ၊ အသံထွက်မယ့် စပီကာ - Subwoofer များ ရဲ့ မှန်ကန်တိကျစွာ ထုတ်ပေးနိုင်တဲ့ Hz အမှန်များ အားလုံး အကောင်းဆုံး စုံမှတ်ရောက်လျှင် နားထောင်သူများ အလွန်နားထောင်လို့ ကောင်းတယ် နားမငြီးဘူး ဒါပေမယ့် ရင်ထဲကို ထိတယ်လို့ ချီးကျူးသံများ ကြားရပါမည်။ dB သည် 95 နှင့်အထက်ဖြစ်ပါက အသံဆူညံလာသည်ကို လက်တွေ့ စမ်းသပ်ပြီး တွေ့ ရှိရပါသည်။ သင်ရဲ့ ဖုန်းများတွင် dB Metre App များ Download လုပ်ပြီး စပီကာ ဖွင့်၍ ရှေ့ တွင် တိုင်းတာ စမ်းသပ်ကြည့်နိုင်ပါသည်။

ယခုလက်ရှိ အကောင်းဆုံး (မြန်မာတို့ ရဲ့ နားနဲ့ အကောင်းဆုံး) Low / Mid / High နှင့် Low-Mid Frequency (Hz) များမှာLow – 42 Hz မှ 125 Hz ထိ (42 Hz ထက်ပိုဆင်းလေ Bass သံပိုအိပြီးနားထောင်၍ကောင်းပါသည်။)Mid – 150 Hz မှ 2000 Hz ထိHigh – 2000 Hz မှ 16000 Hz ထow*mid – 90 Hz မှ 250 Hz ထိ တို့ ဖြစ်ပါသည်။ 

ပုံတွင် SP Series / QW Series နှင့် VR Series Subwoofer များဧ။် သိသင့်သော အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ SP Series ထက် QW Series က ပိုပြင်းပြီး QW Series ထက် VR Series က ပိုပြင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် VR Series ဧ။် ခံနိုင်ရည် watts ပိုများလာ၍ ဖြစ်ပြီး VR Series ဧ။် Frequency Ranges သည်လည်း Low တွင် ရှိရမည့် Range နှင့် အနီးစပ်ဆုံး ကျ၍ ဖြစ်ပါသည်။ SP Series နှင့် QW Series ဧ။် Frequency Ranges များသည် 1000 Hz နှင့် 2000 Hz ထိရှိ၍ Mid သံဘက်သို့ ရောက်သွားပါသည်။ ထို့ ကြောင့် ချိန်တွယ်တတ်မှု လိုအပ်ပါသည်။

ပုံ (၁) VR / QW နှင့် SP Series Subwoofer တို့ တွင် သုံးထားသော စပီကာများ

ပုံ (၂) SPL (Sound Pressure Level) အသံဖိအားရှင်းလင်းချက်

ပုံ (၃) Low / Mid / High Frequency (Hz) Graph ညွှန်းဇယား

ပုံ (၄) VR /QW နှင့် SP Series Subwoofer တို့ ဧ။် သိသင့်သည့် လုပ်ဆောင်နိုင်စွမ်းအချက်များ

သင်တို့ ဝယ်ယူထားသော / မဝယ်ရသေးဘဲ ဝယ်မည့်အစီအစဉ်ရှိပါက ဝယ်ယူမည့် စပီကာ - Sub များရဲ့ ထိုအချက်များကို နားလည်ပြီး ထူးချွန်သော လူအများနားထောင်ကောင်းသည့် အသံများ ချိန်ညှိနိုင်သည့် Audio ပညာရှင်များ ဖြစ်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

 

Odoo CMS - a big picture