Line Array စပီကာ သိသင့်စရာ

အခြေခံသဘောတရား လွဲမှားယူဆချက်များ အခြေခံရှင်းလင်းချက်

အတွဲလိုက် လေထဲမှာ ချိတ်ဆွဲရတဲ့ Line Array နဲ့ ရိုးရိုး မြင်နေကျ တစ်လုံးတပ် နှစ်လုံးတပ် အထောင်လိုက် စပီကာတွေနဲ့ ဘာကွာလဲ? အရင်ဆုံး Point Source နဲ့ Line Source အသံ ပုံစံကို ရှင်းပြပါမယ်။

Odoo image and text block

Loudness = Intensity အသံကျယ်လောင်မှုတိုင်းတာခြင်း

Loudeness (ကျယ်လောင်မှု) = Intensity သည် Power (စွမ်းအင်) ကို Surface area မျက်နှာပြင်ဧရိယာ နဲ့ သင်္ချာနည်းအရ စားလိုက်ခြင်းကြောင့် ရလာတဲ့ ကိန်းကဏန်းဖြင့် သတ်မှတ်လို့ ဖြစ်ပါတယ်။ 

Odoo image and text block

Point Source (စက်ဝိုင်း) အသံပုံစံ

ပုံ (1) မှာ ရိုးရိုး မြင်နေကျ တစ်လုံးတပ် နှစ်လုံးတပ် အထောင်လိုက် စပီကာတွေက ထွက်တဲ့ အသံကို Point Source လို့ သတ်မှတ်ပါတယ်။ Point Source က ထွက်လာတဲ့အသံဟာ စက်ဝိုင်းပုံစံ အဝေးသို့  ညီညာစွာ လွင့်ပျံ့ သွားပါတယ်။ နားထောင်သူက အသံလာရာ Source နဲ့ နီးကပ်မယ်ဆိုလျှင် အသံကိုအကျယ်ဆုံး ကြားရမှာဖြစ်သလို ဝေးရင် အသံကို တိုးစွာကြားရမှာဖြစ်ပါတယ်။

Odoo image and text block

စက်ဝိုင်းပုံစံဧ။် မျက်နှာပြင်ဧရိယာ

Point Source မှ ထွက်လာသော အသံပုံစံ စက်ဝိုင်းဧ။် မျက်နှာပြင်ဧရိယာသည် A=4πr2 ဖြစ်ပါသည်။

Odoo image and text block

Point Source ဧ။် အသံ အပြင်း အပျော့

အသံလာရာ Source နဲ့ နီးကပ်နေမယ်ဆိုလျှင် ပုံ (1A) မှာကြည့်လျှင် Power များပြီး Surface Area မျက်နှာပြင်ဧရိယာသေးတဲ့အတွက် Loudeness (ကျယ်လောင်မှု) = Intensity များသောကြောင့် အသံကို ကျယ်လောင်စွာကြားပြီး 

ပုံ (1B) မှာ အသံလာရာ Source နဲ့ဝေးသွားပါက တူညီသော Power အတိုင်းဖြစ်သော်လည်း Surface Area မျက်နှာပြင်ဧရိယာကြီးတဲ့ အတွက် Loudeness (ကျယ်လောင်မှု) = Intensity နဲသောကြောင့် အသံကို တိုးတိုးကြားရမှာဖြစ်ပါတယ်။ 

လူတွေရဲ့ ယေဘူယျတွေးခေါ်မှု လွဲမှားနိုင်ခြင်း ဒီနေမှာရှိပါတယ်။ အသံလာရာ Source နဲ့ နှစ်ဆဝေးသွားလျှင် အသံနှစ်ဆတိုးသွားလိမ့်မယ်လို့ ထင်ပါမယ်။ မဟုတ်ပါဘူး။

စက်ဝိုင်းဧ။် မျက်နှာပြင်ဧရိယာသည် A=4πr2 ဖြစ်လို့  အသံလာရာ Source နဲ့ နှစ်ဆဝေးသွားလျှင် အသံသည် လေးဆ တိုးသွားမှာဖြစ်ပါတယ်။

အသံပုံစံအသစ်တီထွင်မှု

ထိုသို့ အကွာအဝေး ၂ ဆ တိုင်း အသံအား ၄ ဆ လျော့ခြင်းကို ပုံစံပြောင်းဖို့ ရာ အသံပညာရှင်များသည် နောက်ထပ်အသံပုံစံအသစ်ကို တီထွင်စမ်းသပ်မှုများပြုလုပ်လာခဲ့ပြီး Line Array ဟူသော အဖြေကို တွေ့ ရှိခဲ့ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် Array ပုံစံမှထွက်သော Line Source သည် အသံကို စလင်ဒါပုံစံ အဝေးသို့  ညီညာစွာ လွင့်ပျံ့ သွားပါတယ်။

Odoo image and text block

Line Source (စလင်ဒါ) အသံပုံစံ

ပုံ ၂ တွင် Line Source အသံစနစ်မှထွက်လာသော အသံပုံစံ စလင်ဒါဧ။် ခုံးနေသော မျက်နှာပြင်ဧရိယာသည် A=2πrh ဖြစ်ပါသည်။ အသံလာရာ Source နဲ့ နှစ်ဆဝေးသွားလျှင် အသံသည် နှစ်ဆတိုးသွားမှာဖြစ်ပါသည်။ ထို့ ကြောင့် Point Source နဲ့ Line Source အသံထုတ်လွှင့်ပုံကို နှိုင်းယှဉ်ကြည့်လိုက်လျှင် line source ထုတ်လွှင့်ပုံစံက ပို၍ အားသာနေတာကို ကြားရမှာဖြစ်ပါသည်။

Point vs Line အသံပုံစံ

အားသာချက် အားနဲချက်များ


Point Source အသံပုံစံသည် လွယ်ကူစွာအသုံးပြုနိုင်သော စပီကာ ၁ စုံ + Sub ၁ စုံ ဖြင့် ရိုးရှင်းစွာသုံးနိုင်သော စနစ်ဖြစ်သည်။ ချိတ်ဆွဲရန် ထောက်ပံ့ပစ္စည်းများသုံးရန် မလိုအပ်ဘဲ လွယ်ကူစွာ ရွှေ့ ပြောင်းသုံးစွဲနိုင်သည်။ အလုံးအရေအတွက်များစွာလဲ သုံးရန် မလိုအပ်ပါ။ Point Source စနစ်တွင် စပီကာများကို 2 way (သို့ ) 3 way ဈေးနှုန်းသက်သာစွာ နှစ်သက်ရာ ရွေးချယ်နိုင်သည်။ စပီကာ လက်မအကြီးဆုံး (၁၅လက်မ) ထိသည် Point Source စပီကာတွင်သာ တပ်ဆင်နိုင်သည်။ Point Source စပီကာစနစ်ဧ။် စပီကာကြိုးသည် 2 core (နှစ်ပင်) အများစုဖြစ်သဖြင့် +/- Speakon တပ်ဆင်ရာတွင် ရိုးရှင်းလွယ်ကူသည်။ သို့ သော် Point Source အသံစနစ်သည် အသံကို အဝေးသို့ မပြေးနိုင် အသံလွှမ်းနိုင်အား (Coverage Area) လဲ နဲသဖြင့် လူများများကို အသံကြားနိုင်စေရန် အဆင်မပြေပါ။ Point Source အသံစနစ်သည် Full Range (Low-Mid-High) ကာလာ အစုံပေးစွမ်းနိုင်စမ်းရှိသည်။


Line Sorce အသံပုံစံသည် စပီကာကို အနဲဆုံး ၆ စုံသုံးမှသာ Line Array ဟူသော အသံထွက်ကောင်း နှင့် သူ့ ကို သုံးရသော အဓိပ္ပါယ်ရှိမည်။ Line Array စပီကာသည် ၆ စုံနှင့်အထက် သုံးရန်လိုအပ်ပါက တိုး၍ ထပ်ချတ်အသုံးပြုနိုင်သည်။ သို့ သော် ချိတ်ဆွဲရန် ထောက်ပံ့ပစ္စည်းများ (Array Fly Bars) များသုံးရန် လိုအပ်ပြီး ရွှေ့ ပြောင်းရန် နှင့် တပ်ဆင်ရန် လူဦးရေ (သို့) အမြင့်တွင်ချိတ်ရန် စက်ကိရိယာ အကူများ လိုအပ်ပါသည်။ Line Source စနစ်တွင် 2 way အများစုထုတ်လုပ်ပြီး 3 way / 3 way bi-amp စသည့် စနစ်များစွာထုတ်လုပ်ပြီး နည်းပညာအဆင့်မြင်လေ ဈေးနှုန်းကြီးမြင့်မည်ဖြစ်သည်။ စပီကာ လက်မအကြီးဆုံး (၁၂ လက်မ) ထိသာ Line Source စပီကာတွင်သာ တပ်ဆင်နိုင်သည်။ Line Source စပီကာစနစ်တွင် 3way စပီကာကြိုးသည် 4 core (လေးပင်) အများစုဖြစ်သဖြင့် +/- Speakon တပ်ဆင်ရာတွင် ရှုပ်ထွေးမည်ဖြစ်ပါသည်။ (တစ်ချို့ သော 3 way bi-amp array များတွင် 4 cores x 2 ကြိုး) သုံးရပါသည်။ သို့ သော် Line Source အသံစနစ်သည် အသံကို အဝေးသို့ ပြေးနိုင်စေပြီး အသံလွှမ်းနိုင်အား (Coverage Area) လဲ များသဖြင့် လူများများကို အသံကြားနိုင်စေသည်။ Line Source အသံစနစ်သည် Low-Mid (သို့ ) High-Mid အတွက်သာ အဆင်ပြေပြီး တစ်လုံးတည်းဖြင့် ထပ်မံပေါင်းစပ်ဖြည့်စည်ခြင်းမလုပ်လဲ အသံကာလာ အစုံမပေးစွမ်းနိုင်ပါ။

Odoo image and text block

Coverage Area (အသံလွှမ်းခြုံနိုင်အား)

Line Array အသံစနစ်ကိုအသုံးပြုရာတွင် နားဆင်သူ ပရိသတ်အလွန်များသောအခါ ရှေ့ မှ နောက်ထိ ပရိတ်သတ်များစွာကို ညီညာသော အသံလွှမ်းခြုံနိုင်ရန်အတွက် ဤအသံစနစ်ကို သုံးခြင်းဖြစ်ပါသည်။ Coverage အပိုင်းမှာ ရေပြင်ညီ Horizontal နှင့် ဒေါင်လိုက် Vertical ဟူ၍ နှစ်မျိုးရှိပါသည်။ မိမိစပီကာဧ။် ထုတ်လုပ်မှုဒီဇိုင်းအရ Coverage Area Degree ဘယ်လောက်ပေးသလဲ လေ့လာကြည့်ဖို့ လိုပါတယ်။

Odoo image and text block

Line Array ကို ပုံစံမှန်စွာမသုံးတတ်လျှင် သင့်အသံစနစ်သည် Point Source သာဖြစ်နေမည်

သူများ Array ဆိုတိုင်း ဘာမှန်းမသိ ဤပုံတွင်ပြထားသော မြေပြင်မှာ Array စပီကာများကို Subwoofer များပေါ်တွင် ပုံပြီး သင်လိုက်သုံးနေလျှင် သင်ဧ။် အသံစနစ်သည် Point Source အသံစနစ်သာ ဖြစ်နေမည်ဖြစ်ပြီး ဘာမှ ထူးခြားသော Line Array ဧ။် အနှစ်သာရ အသံကို ရရှိမည်မဟုတ်ပါ။ Array သည် တစ်စုံတည်းဖြင့် အဆင်မပြေလို့ ၂ စုံ နှင့်အထက် ဝယ်လိုက်ပြီး ပိုက်ဆံပိုကုန်သွားမည်သာဖြစ်ပါသည်။ နောက်တစ်ခု အလုပ်ရှုပ်ခြင်းသည် စပီကာ အလုံအရေအတွက်များခြင်းကြောင့် သယ်ရသော လူပို၍ သုံးရပါမည်။

Odoo image and text block

အရွယ်ငယ် စွမ်းအားပြင်း Neodymium သံလိုက် 

Array ဆိုတာ အပေါ်မှာရှင်းပြထားတဲ့အတိုင်း ၁ စုံ ၂ စုံ ဖြင့် သုံးလို့ ရသော အသံစနစ်မဟုတ်ပါ။ အနည်းဆုံး ၆ စုံ မှ အများဆုံး ၂၄ စုံ အထိ အသုံးပြုကြရာ စပီကာ တစ်လုံးကို သာမာန်သံလိုက်ဖြင့်သုံးလျှင် အလေးချိန် ၂ ဆ ပိုလာပါမည်။ ထိုအလေးချိန်ဖြင့် အလုံးရေများစွာသုံးလျှင် Array Bar နှင့် Truss များသည် ဝန်ပို၍ ထမ်းရမည်ဖြစ်ပြီး Array တစ်လုံးချင်းစီတွင်လဲ ဝန်ပို၍ ဆွဲချခြင်းကို ခံရနိုင်ခြင်းတို့ ကြောင့် အန္တရာယ်ရှိနိုင်ပါသည်။ ထို့ ပြင် ထိုအလေးချိန်များသော Array များကို အမြင့်တွင်ချိတ်ဆွဲရာတွင်လဲ ခက်ခဲနိုင်ပါသည်။ ထို့ ကြောင့် အရွယ်ငယ် စွမ်းအားပြင်း Neodymium သံလိုက် ကိုသုံးပြီး အလေးချိန်ကို လျော့ကျစေ၍ အသုံးပြုသူများကို အဆင်ပြေအောင် တီထွင်ထားခြင်းဖြစ်ပါသည်။ ပုံတွင် နံပါတ် ၁ သည် Array စပီကာများတွင်သုံးသင့်သော Neodymium သံလိုက်ဖြစ်ပြီး နံပါတ် ၂ သည် သာမာန် စပီကာများတွင်သုံးသော ရိုးရိုး သံလိုက်ဖြစ်ပါသည်။ သံလိုက်အားကို BHMax ဆိုတဲ့ စံနှုန်းနဲ့တိုင်းပါတယ် BHMax နံပါတ်မြင့်ရင် သံလိုက်အား ပြင်းပါတယ်။ Ceramic Magent က BHmax 3.5 သာရှိပြီး Neodymium ကတော့ BHmax 40 ရှိပါတယ်! ထိုသံလိုက်များသည် Low drivers များအတွက်သာမက High drivers (tweeter) များအတွက်လဲထုတ်လုပ်ပါသည်။ အရည်အသွေးကောင်း လုပ်ဆောင်ချက်မြင့်မားသောကြောင့် ဈေးနှုန်းလဲပိုပါသည်။

Odoo image and text block

Array စပီကာများ တပ်ဆင်အသုံးပြုဖို့ Processing Software

 Array အသံစနစ်သုံးလိုပါက သုံးမည့် နေရာအနေအထားပေါ်မူတည်ပြီး Array Processing Software များဖြင့် ထားရမည့် အနေအထား အလုံးအရေအတွက် ကို တွက်ချက်ပုံဖော်၍ အသုံးပြုရပါမည်။ အဆင့်မြင့်သော Array များတွင် သက်ဆိုင်ရာစပီကာအတွင်းတွင် အသံလွှမ်းခြုံမှု ညီညာစေရန် တပ်ဆင်ထားသော Filters များ အလုပ်မှန်ကန်စွာလုပ်ဆောင်နိုင်ရန် နှင့် အကွာအဝေးအလိုက် ရောက်လိုသည့် receive point များအတွက် delay ပေးရန် တွက်ချက်မှုများကိုလဲ ပြုလုပ်ရပါမည်။