** စတိတ်ရှိုးအများစုမှာတွေ့ နေတဲ့ အတွဲလိုက်စပီကာတွေကို Array စပီကာ လို့ ခေါ်ပါတယ်။ Array စပီကာဆိုတာ အလုံးရေအများကြီးသုံးရတဲ့အတွက် အလေးချိန်ပေါ့ရမယ် အရွယ်အစားကျစ်လျစ်ရမယ်။ ဒါမှ သယ်တဲ့သူတွေအတွက်အဆင်ပြေမယ် ချိတ်တဲ့နေရာမှာလဲ လွယ်ကူမြန်ဆန်မယ် အလေးချိန်ပေါ့တဲ့အတွက် အလုံးရေအများကြီးချိတ်ရင် ချိတ်တဲ့နေရာမှာ ဝန်မဖြစ်စေဘူး။ ထိုကဲ့သို့  ဖြစ်ဖို့ ရာ ထို Array စပီကာထဲမှာ သုံးထားတဲ့ စပီကာရဲ့ သံလိုက်ကို ပေါ့ပါးပြီး စွမ်းအင်ပြင်းတဲ့ Neodymium (နီယိုဒင်းမီရမ် သံလိုက်) ဖြစ်ရပါမယ်။ သံလိုက်ဆိုတာ အခြားသံလိုက်ကို ထိစရာမလိုဘဲ အကွာအဝေးတစ်ခုကနေ ဆွဲယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ တစ်ချို့  သံလိုက်အမျိုးအစားသည် သဘာဝအတိုင်းဖြစ်တည်နေပြီး တစ်ချို့ ကတော့ လူကဖန်တီးယူပါတယ်။ သံလိုက်အမျိုးအစား အများကြီးရှိတဲ့...